TG目录网 🤖 @tgmulupro_bot
首页 > ရှေ့ဆက်တို့အတူ U=U
📢

ရှေ့ဆက်တို့အတူ U=U

@uumyanmar
👥 3,021 · channel · zh
加入频道
📝 频道简介

You can view and join @uumyanmar right away.

🤖 快捷搜索
🚀 在 @tgmulupro_bot 中搜索此频道
📰 最近消息
ကျွန်တော် ART ဆေးသောက်လာတာ ၈နှစ်ကျော်ပြီဗျ။ HIV ပိုးရှိသူမို့လို့ အိမ်ထောင်ပြု ကလေးယူဖို့ ကြောက်နေပေမယ့် ကျွန်တော့်ချစ်သူက နားလည်ပေးခဲ့တယ်။ သူ့ကြောင့် U=U ဆိုတာ သိခဲ့ရပြီး ပိုးထိန်းထားနိုင်ရင် သူ့ဆီကို မကူးနိုင်ဘူးဆိုတာလည်း သိခဲ့ရတယ်။ ကျွန်တော့်ထက်တောင် သူက သေချာ လေ့လာထားသေးတာဗျာ။ အိမ်ထောင်သက်ရလာတော
Viral Load မှန်မှန်စစ်ပြီး “Not Detected” ဆိုတဲ့ ပန်းတိုင်ဆီ အရောက်သွားလိုက်ကြရအောင်။ 🏆HIV ပိုးကူးစက်ခံထားရတဲ့သူတွေအနေနဲ့ ART သောက်ပြီးနောက်မှာ Viral Load လို့ခေါ်တဲ့ သွေးထဲမှာရှိတဲ့ HIV ပိုးကောင်ရေ ပမာဏကို မှန်မှန်စစ်သင့်ပါတယ်။ ဒါမှလည်း ကိုယ်သောက်နေတဲ့ဆေးက ထိရောက်မှု ရှိ/မရှိနဲ့ ဆေးသောက် မှန်/မမှန်
HIV ပိုး ကူးစက်နိုင်တဲ့ နည်းလမ်းတွေကို သေချာသိပါသလား။အဖြေမှန်တွေကို ရွေးကြည့်ပေးပါဦး။
ဆေးသောက်တာ ၁၀ နှစ် ကျော်ပါပြီ။ တက္ကသိုလ်တက်စမှာ နေမကောင်းဖြစ်တော့ အိမ်က ဆေးခန်းတွေ လိုက်ပြရင်း စစ်ကြည့်တော့ HIV ပိုးရှိတာတဲ့။ အဖြေကို လက်မခံနိုင်၊ ကိုယ်တိုင်ကလည်း ဗဟုသုတမရှိတော့ တခြားဟာတွေနဲ့ လျှောက်ပြ လျှောက်ကုတာပေါ့။ အနာနဲ့ ဆေးမတွေ့တော့ ဆေးရုံထိရောက်သွားတော့မှပဲ ART ဆေးက လွဲလို့ တခြားဆေးမရှိဘူးဆို
ဆေးက အမြဲမှန်မှန်သောက်တော့ ပိုးကောင်ရေ စစ်တိုင်း Not Detected ပဲ။ နှစ်တွေကြာလာတော့ အနားရှိတဲ့ သူတစ်ယောက်နဲ့ သံယောဇဥ် ဖြစ်တယ်။ ပြောမှပဲ ဖြစ်မယ်ဆိုတော့ ကျွန်မ HIV ရှိတယ်ဆိုတာ ဖွင့်ပြောလိုက်ပါတယ်။ သူကလည်း ကိုယ့်ကို မေတ္တာစစ်နဲ့ ချစ်တဲ့သူဆိုတော့ လက်ခံပေးတယ်။ ဒီသီတင်းကျွတ်မှာ ကျွန်မတို လက်ထပ်ကြတော့မယ်။ ဒ
HIV ပိုးရှိတဲ့ မိခင်တစ်ဦးက ကိုယ့်ရင်သွေးလေးဆီကို HIV ပိုးမကူးစက်နိုင်အောင် ကာကွယ်လို့ရတယ်ဆိုတာ သိထားပြီးပြီလား။ 🤰👇ဒီအချက်တွေကို လိုက်နာဖို့တော့ လိုတယ်နော် - ➡️ ကလေးအမေက ကိုယ်ဝန်ဆောင်စဉ် တောက်လျှောက် ART ဆေးကို စွဲစွဲမြဲမြဲ သောက်ပြီး ပိုးကောင်ရေ ထိန်းချုပ်ထားနိုင်ဖို့ လိုတယ်။➡️ မီးဖွားတဲ့အခါမှာလည်း က
➡️ မွေးပြီးပြီးချင်း ကလေးကို HIV ကာကွယ်တဲ့ ဆေးရည်နှစ်မျိုးကို စတင်တိုက်ကျွေးရပါမယ်။ ကလေးအသက် ၆ ပတ် အထိ နေ့စဉ် တိုက်ရပါမယ်။➡️ မိခင်နို့တိုက်မလား၊ နိုမှုန့်တိုက်မလား ဆိုတာကို ကိုယ်ဝန်စရှိကတည်းက သေချာဆုံးဖြတ်ပြီး ရွေးချယ်ပါ။ မိခင်နို့တိုက်မယ်ဆိုရင် ကလေးအသက် ၆ လ အထိမိခင် နို့တစ်မျိုးတည်း တိုက်ကျွေးပါ။ ရ
🔹HIV ပိုးကူးစက်ခံရပြီလားဆိုတဲ့ သံသယကြောင့်ပဲ ဖြစ်ဖြစ်🔹ART ကုထုံးအကြောင်းမေးချင်တာပဲ ဖြစ်ဖြစ်🔹U=U ဆိုတာကို သေချာ နားမလည်လို့ပဲဖြစ်ဖြစ် 🔹HIV နဲ့ပတ်သက်ပြီး မြိုသိပ်ထားရတာတွေများလို့ ရင်ဖွင့်တိုင်ပင်ဖော်လိုနေရင် ပဲဖြစ်ဖြစ် U=U ကို သတိရပေးနော်။ 💬🙌✔️စိတ်ထင့်နေတာတွေကိုမေး၊✔️လိုအပ်တာတွေကို ဆွေးနွေးဖို့အခုပဲ
အရာရာကို အချိန်က ကုစားပေးသွားမှာမို့လို့ HIV ပိုး ကူးစက်ခံထားရရင်လည်း မျှော်လင့်ချက်မဲ့ဖို့ မလိုဘူးနော်။ U=U ဖြစ်သွားတဲ့အထိ အရောက်လှမ်းပြီး ဘဝကို သက်တမ်းစေ့ နေထိုင်လိုက်ပါ။ 🌅U=U အကြောင်းပိုသိနိုင်ဖို့ @uequalsumyanmar TikTok Channel လေးကို Follow လုပ်ထားလိုက်နော်။ https://bit.ly/3NTDec3#UequalsU #Ue
လွန်ခဲ့တဲ့ နှစ် ၂၀ လောက်မှာပဲ ကျန်မနေခဲ့ပါနဲ့။ HIV ပိုးကို လိင်ကတစ်ဆင့် မကူးစက်နိုင်တော့တဲ့ U=U အခြေအနေရောက်အောင် ပံ့ပိုးပေးနေတဲ့ ART ကုထုံးအကြောင်းလည်း လေ့လာထားလိုက်ပါဦး။ 👆🏻😉U=U အကြောင်းပိုသိနိုင်ဖို့ @uequalsumyanmar TikTok Channel လေးကို Follow လုပ်ထားလိုက်နော်။#UequalsU #UequalsUMyanmar
🔗 推荐频道

© 2026 tgmulu.com · TG目录导航 · @tgmulupro_bot